မူဆယ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်၊ မူဆယ်မြို့သည် နယ်စပ်စီးပွာရေးအချက်အချာမြို့ဖြစ်သည့်အလျောက် ကိုင်ပိုင်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပေါများပြီး အငြိမ်းစား နိုင်ငံဝန်ထမ်းများနည်းပါးသော်လည်း လစဉ်(၂၀)ရက်နေ့ နောက်ပိုင်းမှစ၍ နောက်လဆန်းပိုင်းအထိ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိပါသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူပေးနိုင်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာတွင် နှာခေါင်းစည်း Maskများ တပ်ဆင်ထာပြီး စနစ်တကျနေရာချထားပေးလျက်ရှိပါသည်။ ထို့အပြင် ပင်စင်လစာငွေများကို ငွေထုတ်ကဒ်ပြုလုပ်ထားသော အငြိမ်းစားနိုင်ငံဝန်ထမ်းများက မည်သည့်ရက်မဆို လာရောက်ထုတ်ယူနိုင်ပြီး(၃)လလျှင် တစ်ကြိမ်နှင့်(၆)လလျှင်တစ်ကြိမ် ပင်စင်လစာငွေကိုစုပေါင်းထုတ်ယူနိုင်ကြောင်း မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။
မူဆယ်မြို့နယ်တွင် အငြိမ်းစာနိုင်ငံဝန်ထမ်းပေါင်း ပျှမ်းမျှ(၃၀၀)ကျော်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပင်စင်လစာငွေ (၃၆၇)ဦးထုတ်ယူခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်(၂၂၉)ဦး ပင်စင်လစာငွေထုတ်ယူခဲ့ပါသည်။ ထို့အတူ ယခုလက်ရှိ ဖေဖော်ဝါရီလ၊ (၂၂)ရက်ထိ(၁၃၄)ဦး ပင်စင်လစာငွေထုတ်ယူခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)