တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

တောင်သာ ဖေဖော်ဝါရီ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်ကစာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                            

အဆိုပါစာဖတ်ဝိုင်းတွင်စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဆူးသစ်ရေးသားသော ခွန်အားရှိသောစာ  ခွန်အားရှိသောလူငယ်အခန်းအားဖတ်ကြားရာတွင် လူတိုင်း လူတိုင်း လူငယ်ဘဝကို ရောက်ခါစမှာ မည်သည့်အရာကိုမဆို စမ်းသပ်ချင်ကြတယ် စမ်းသပ်ချင် လောက်အောင်လည်း သတ္တိကရှိနေကြတယ် လူငယ်ဖြစ်သည့်အတွက် တက်ကြွကြတယ် ထိုတက်ကြွမှုနှင့် ထိုသတ္တိကြောင့်ပင် လူငယ်တွေမှားခဲ့ကြပါတယ်။ လူငယ်တွေ ဟုတ်တိုင်းမှန်ရာ ရဲဝံ့စွာ လုပ်သည်မှာ သတ္တိဖြစ်ပါတယ် ပုံမှန်မဟုတ်ဘဲ လွဲချော်နေသည့် သတ္တိနှင့်တက်ကြွခြင်းသည် မိုက်ခြင်းသို့ ရောက်သွားမှာဖြစ်ပါတယ်။ လူငယ်များ ရန်ဖြစ်ထိုးကြိတ်၍ မိုက်မဲစွာလုပ်ရပ်များ သည် တန်ဖိုးရှိသော သတ္တိမဟုတ်ပါ။ အသိဉာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်တက်သူများက ရန်ကိုရှောင်ပါတယ်။ ဖြစ်လာမည့် အကျိုးဆက်ကို တွေးတတ်သူဖြစ်၍ ထိုသူများမှာ ကြောက်သည်ဟု မထင်စေလိုပါ။ ရန်ကိုထိပ်တိုက်တွေ့ပါလျက် ရှောင်နိုင်သူသည် လိမ္မာ၍ပါးနပ်သူဖြစ်ပါတယ် အသိနှင့် ယှဉ်၍ လည်း ဆုံးဖြတ်နိုင်ခြင်းဖြစ်ပါတယ်။ လူငယ်များအနေဖြင့် မိုက်ခြင်းနှင့် မမိုက်ခြင်းကို ခွဲခြားသိဖို့ လိုမှာဖြစ်ပါတယ်  မိုက်ခြင်းကိုသိလျှင် မမိုက်ခြင်းကိုသိလာပါလိမ့်မယ်  ထိုနှစ်ခုနှိုင်းယှဉ်တွေးတတ် ခံစားတတ်ပြီဆိုလျင် လူငယ်ဘဝမှာ မိုက်ခြင်းထက် ပိုမိုကောင်းမွန်သောအရာကို ရှာဖွေတွေ့ရှိလာ ပြီးပီပြင်သောလူငယ်ဘဝရဲ့ အကျိုးကျေးဇူးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်လာနိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် တက်ရောက်လာသူများက  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)