ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းတင်စာမေးပွဲဖြေဆို

ကျိုက်ထို ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းတင်စာမေးပွဲများကို သက်ဆိုင်ရာကျောင်းများတွင် ယနေ့နံနက်မှ စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါ စာမေးပွဲကျင်းပရာတွင် ကျိုက်ထိုမြို့နယ်ရှိ စာစစ်ဌာန(၉၇)၌ Grade(5) စာမေးပွဲအား ကျောင်းသား(၉၂၀)ဦးနှင့် ကျောင်းသူ(၉၃၄)ဦး စုစုပေါင်း(၁၈၅၄)ဦးတို့ဝင်ရောက်ဖြေဆိုကြပြီး Grade(9) စာမေးပွဲအား ကျောင်းသား(၆၃၇)ဦး၊ ကျောင်းသူ(၈၆၅)ဦး စုစုပေါင်း (၁၅၀၂)ဦးတို့က အေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများက စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)