နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများအား စတင်ဖြေဆို

နောင်ချို ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲများအား ယနေ့နံနက် (၉)နာရီအချိန်ကစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းဖြေဆိုလျက်ရှိရာ နောင်ချိုမြို့နယ်အနေဖြင့်လည်း စာစစ်ဌာနများခွဲ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲအား နောင်ချိုမြို့နယ်ရှိ စာစစ်ဌာန(၂၈)ခု၌ Grade(9)မှ ကျောင်းသား ကျောင်းသူ ၁၁၅၇ ဦးနှင့် စာစစ်ဌာန (၃၀)ခု၌ Grade(5)မှ ကျောင်းသား၊ ကျောင်းသူ ၂၄၆၉ ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

Grade(5)စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ (၂၈) ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ Grade(9) စာမေးပွဲသည် ပြည်နယ်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ(၁)ရက်နေ့ထိ တစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့်လည်းကောင်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)