ပေါင် ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ပေါင် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၄၁၃) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပေါင်မြို့နယ်အနေဖြင့် စာမေးပွဲကျင်းရာတွင် (အ.ထ.က) ပေါင် စာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပသွားမည်ဖြစ်သည်။
ပေါင်မြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၉၆၅) ဦးရှိပြီး (၄၇၄) ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ( ၅၂.၀၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)