ကျောက်မဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး

ကျောက်မဲ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ၂၄ ရက်နေ့အထိနံနက် ၈နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များ တွင်သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက မတ်လ လဆန်းပိုင်းတွင် ထပ်မံ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ကျောက်မဲမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေထုတ်ယူသူ(၂၀၀)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)