မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူ(၁၂၄)ဦးအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဒေါ်ဝင်းဝင်းမာ ခေါင်းဆောင်သော ကျန်းမာရေးပညာရှင်များ၊ အားကစားနည်းပြများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြတ်မွန်ခင်(ပြန်/ဆက်)