ဥတ္တရသီရိမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade – 5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade - 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၅၀)ကျောင်းရှိရာ ခရိုင်စစ် Grade - 5 ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ရှိရင်းအင်အား (၁၃၈၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၃၆၀)ဦးရှိပြီး အခြေခံပညာကျောင်း (၅၀)ကျောင်း၊ စာစစ်ဌာန(၅၀)ခုတွင်  ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖြေဆိုမည်ဖြစ်ပြီး တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ရှိရင်းအင်အား (၁၀၀၆)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၉၉၃)ဦးရှိပြီး အခြေခံပညာကျောင်း (၂၅)ကျောင်း၊ စာစစ်ဌာန(၂၅)ခုတွင် မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)