မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် (၈)နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လုပ်သားပြည်သူများကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ၆ လပြည့်ပြီးသူများအား အပိုဆောင်းထိုးနှံပေးခြင်းနှင့် ရိုးရိုးတီဘီနှင့်ဆေးယဥ်ပါးတီဘီဝေဒနာရှင်များအား ဆေးထိုးပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးနှင့် တီဘီရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်ဝင်းဝင်းမာခေါင်းဆောင်သော ကျန်းမာရေးပညာရှင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြတ်မွန်ခင်(ပြန်/ဆက်)