မာန်အောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်Grade-5နှင့်အလယ်တန်းအဆင့်Grade-9ကျောင်း သား/ သူများနှစ်ဆုံးစာမေးပွဲစာစစ်ဌာနအလိုက်စတင်ဖြေဆို

မာန်အောင် ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်Grade-5(သင်ရိုးသစ်)ခရိုင်စစ်စာမေးပွဲနှင့် အခြေခံပညာအလယ်တန်းGrade-9(သင်ရိုးဟောင်း) ပြည်နယ်စစ်စာမေးပွဲကို ယနေ့နံနက်၉နာရီတွင်  စာစစ်ဌာနအလိုက် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ထိုသို့ဖြေဆိုလျက်ရှိရာ အခြေခံပညာမူလတန်းအဆင့်Grade-5 (သင်ရိုးသစ်) ခရိုင်စစ်စာမေးပွဲကို စာစစ်ဌာန(၂၅)ခုတွင်ဖြေဆိုရန် စာရင်းရှိဦးရေ(၈၇၉)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား/သူ( ၈၅၉)ဦး၊ ပျက်ကွက်သူ (၂၀) ဦးရှိကြောင်း၊အခြေခံ

ပညာအလယ်တန်းအဆင့်Grade-9(သင်ရိုးဟောင်း)ပြည်နယ်စစ်စာမေးပွဲကို စာစစ်ဌာန(၂၃)ခုတွင်ဖြေဆိုရန် စာရင်းရှိကျောင်းသား/သူ(၇၂၂)ဦးရှိပြီး၊ ဖြေဆိုသူ(၆၉၉)ဦး၊ ပျက်ကွက်သူ(၂၃ )ဦးရှိကြောင်း၊ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း၊အခြေခံပညာမူလတန်းအဆင့်Grade-5 စာမေးပွဲကို ဖေဖော်ဝါရီ လ၂၂ရက်နေ့မှ၂၈ရက်နေ့ထိ မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေးဘာသာရပ်များကို နံနက်၉နာရီမှ ၁၀နာရီခွဲထိလည်းကောင်း၊ အလယ်တန်းအဆင့် Grade-9စာမေးပွဲကို ဖေဖော်ဝါရီ လ၂၂ရက်နေ့မှ မတ်လ၁ ရက်နေ့ထိမြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊ပထဝီ၊ သမိုင်း၊အထွေထွေသိပ္ပံဘာသာရပ်များ ကိုနံနက်၉နာရီမှ၁၁နာရီထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

သိန်းဖေ(ပြန်/ဆက်)