ကျိန္တလီ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲကိုယနေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူကလေးများအား ဗဟုသုတရရှိစေရန် “အလိမ္မာစာမှာရှိ”၊ “စာအုပ်စာပေလူ့မိတ်ဆွေ”နှင့် “ပြန်/ဆက်မှာဆုံစာမျိုးစုံ”စသော ဆောင်ပုဒ်ကလေးများ၏ ဆိုလိုရင်းအဓိပ္ပါယ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူလေးများအား တစ်ဦးချင်းစီ မျက်စိကိုပဝါစည်း၍ အုန်သီးရိုက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မထက်ထက်ဦးမှ (ပထမဆု)ကိုလည်းကောင်း၊ မောင်လင်တိုးနိုင်မှ(ဒုတိယဆု)ကိုလည်းကောင်း၊ မောင်ပြည့်စုံကျော်မှ (တတိယဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူလေးများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကို ကျင်းပရာ မရတီအိမ့်ဟန်ဦးဆောင်သောအဖွဲ့မှ (ပထမဆု)ကိုလည်းကောင်း၊ မောင်လင်းတိုးနိုင်ဦးဆောင်သောအဖွဲ့မှ (ဒုတိယဆု)ကိုလည်းကောင်း ရရှိခဲ့ကြပြီး ကျိန္တလီမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ဆုရရှိသော ကျေင်းသား/သူလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်း