စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade(5)နှင့် Grade(9)စာမေးပွဲများ ဖြေဆို

စဉ့်ကူး ဖေဖော်ဝါရီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade(5) စာမေးပွဲနှင့် Grade(9) စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ ဖြေဆိုလျက်ရှိသည်။

Grade(9) စာမေးပွဲသည်တိုင်းစစ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကာ Grade(5) ခရိုင်စစ်စာမေးပွဲသည် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရပြီး Grade(5) စာမေးပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂၉)ခုမှ ကျောင်းသား (၅၄၈)ဦး၊  ကျောင်းသူ(၄၈၆)ဦး၊ စုစုပေါင်း (၁၀၃၄)ဦး နှင့် Grade(9) စာမေးပွဲတွင် စဉ့်ကူးမြို့နယ်အတွင်းရှိစာစစ်ဌာန (၂၆)ခုမှ ကျောင်းသား (၂၈၆)ဦး၊  ကျောင်းသူ (၃၅၅)ဦး၊ စုစုပေါင်း (၆၄၁)ဦး ဖြေဆိုခဲ့ကြသည်။

စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၅) ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၇၀)ကျောင်း၊ အခြေခံပညာမူလတန်းခွဲ (၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၉)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၄၀) ရှိကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)