ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရသေ့တောင် ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လည်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ စစ်တုရင်ပြိုင်ပွဲကို Grade 5 ကျောင်းသူ ၆ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ် နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်သည်။ ထိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းသည် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့‌‌ကြသည်။

ထွန်းလင်းကျော်( ပြန်/ဆက်)