မောင်တော ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်း သူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့ မွန်းလွဲ ၁၂ နာရီနေလယ် ၃ နာရီအထိသက်ဆိုင်ရာ စာစစ်ဌာနတွင် ထုတ်ပေးနေပြီဖြစ် ကြောင်းသိရသည်။
မောင်တောမြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (တောင်ပြို)ကျောင်းများ၌ စာစစ်ဌာန(၃)ခုဖွင့်လှစ် ထားရှိသွားမည်ဖြစ်ပြီးမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ အတွဲ(၁) တွင် ၂၄၉ ဦး၊ အတွဲ(၂)တွင် ၂၆၁ ဦး၊ အတွဲ (၇)တွင် ၆၀၈ ဦး၊ အတွဲ(၈)တွင် ၃ ဦး စုစုပေါင်း ကျောင်း သား၊ကျောင်းသူ ၁၁၂၁ ဦး ရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်များအား ယမန်နေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် စာမေးပွဲဖြေဆိုချိန် မတိုင်မီအချိန်ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းသား/ သူများ အနေဖြင့် မှတ်ပုံတင် မိတ္တူ၊ ဓါတ်ပုံ(၁)ပုံ ၊ ရပ်ကွက်ထောက်ခံစာ(မူရင်း) များယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
မောင်တော မြို့နယ်အနေဖြင့် ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၂၉၆ ဦး ရှိပြီး အောင်မြင်သူ ၄၇၀ ဦး ရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၃၆ ဒဿမ ၂၇ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)