ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီက မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအနည်းအများအပေါ်မူတည်ပြီး ထောက်ပံ့ငွေများပေးအပ်ခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု(၂၆)စုအတွက် ငွေကျပ်(၁၂၇၄၉၃၆)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၂၆)ပုံးနှင့် မီးဘေးသင့်ဒဏ်ရာရရှိသူပြည်သူ(၂)ဦးအပါအဝင် လူဦးရေ(၁၄၄)ဦးအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ဆေးဝါးကုသစရိတ်အဖြစ် ထောက်ပံ့ငွေကျပ်(၃၅၃၉၄၀၀)တို့အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် ပြည်သူတစ်ဦးချင်း၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများသည် ဖေဖော်ဝါရီ(၂၀)ရက် နံနက် (၁၁)နာရီ (၅)မီနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှုကြောင့် လူနေအိမ်ဆုံးရှုံးခဲ့သည့် ပြည်သူများဖြစ်ကြောင်း သိရသည်။
သက်မောင်