ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ညောင်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ရဲမြင့်နိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ MSMEs လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို၊ ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်း မတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်မှူးချုပ်ရဲမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများမှ သောက်သုံးရေနှင့်လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ MSMEs လုပ်ငန်းရှင်များဖြစ်သည့် အာလူးကြော်လုပ်ငန်း၊ ကျောက်ခွဲစက်လုပ်ငန်းတို့မှ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များက အသင်းအဖွဲ့ပိုင်ကားများဖြင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေနေမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ရှင်းလင်းတင်ပြကြရာ၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များအရ သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြ၍ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည်များကို၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိပါက ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အသေးစားစက်မှုလုပ်မှုလုပ်ငန်းရှင်များ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း(၁၉၈)ဦး တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆက်လက်တွေ့ဆုံ၍ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေအောင်