မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြောက်ဦး   ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှပြည်သူများ မိမိတို့နေ ထိုင်ရာရပ်ကွက်၊ကျေးရွာများသို့ နေရပ်ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းလုပ်ဆောင်ကြရန်၊ မြို့မဈေးအနီး လမ်းမကြီးဘေးနှစ်ဖက်တွင် မော်တော်ယာဉ်များ နံနက် ၅ နာရိမှ ၁၂ နာရီထိ ယဉ်များမရပ်ရန်၊ မော်တော်ဆိုင်ကယ်နှစ်ထပ်မရပ်နားရန်နှင့် ဌာနဆိုင်ရာဝန် ထမ်းများ မိမိတို့ရုံးဌာနအလိုက်အလိုက်တစ်ပတ်လျှင် တစ်ကြိမ် ရုံးပတ်ဝန်းကျင်ကို သန့်ရှင်းလှပ အောင် လုပ်ဆောင်ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း  ပွင့်လန်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ဒေသအတွင်းရှိ တော၊တောင် များတွင် တောမီးရှို့ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် အမှိုက်များ မီးရှို့ခြင်းတို့ မပြုလုပ်ကြရန် တို့ကိုပြောကြားခဲ့ပြီး နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲ မှူးကြီး ခင်မောင်စိုးကလည်း ဆယ်တန်းစာမေးပွဲ ဖြေဆိုတော့မည်ဖြစ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ ဖြေဆိုမည့် စာသင်ကျောင်းများအလိုက် လုံခြုံရေး တာဝန်များ ချမှတ်ရမည့် အကြောင်းတို့ကို ပြောကြားခဲ့သည်။ ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင် ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)