ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၂
"စာအုပ်လှူဒါန်းပွဲ" အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က စာအုပ်များ လှူဒါန်းရခြင်း အကြောင်းအရာများကို ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့က ရွှေဥဒေါင်းစာကြည့်တိုက်၊ ဗြဟ္မစိုရ်စာကြည့်တိုက်နှင့် နဂါးစာကြည့်တိုက်မှ တာဝန်ရှိသူများထံ စာအုပ်များ ပေးအပ်လှူဒါန်း ခဲ့ပြီး စာကြည့်တိုက်တာဝန်ခံများက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထိပ်ထားနိုင်