ချမ်းအေးသာစံမြို့နယ်တွင် ဘူတာကြီးဝန်းအတွင်း ရထားအိပ်စင်တွဲ မီးလောင်မှုဖြစ်

မန္တလေး၊ စက်တင်ဘာလ ၂၉

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီး ဝန်းအတွင်း ရထားအိပ်စင်တွဲ မီးလောင်မှုသည် ယနေ့နံနက် ၁၀နာရီ ၄မိနစ်တွင် level 1 အဆင့်ရှိ မီးလောင်မှု ဖြစ်ပွားရာ ရထားတွဲအတွင်းရှိ ဆိုဖာခုံအဟောင်း ၆လုံး၊ ရထားအမိုးအကာများ၊ သစ်သားများနှင့် ပလက်စတစ်တံခါးရွက်များ မီးလောင်ခဲ့ကြောင်း သိရသည်။

" မီးလောင်တာက ရထားသံလမ်းနှစ်လမ်းကြားမှာရှိတဲ့ အမှိုက်ပုံထဲကို လမ်းသွားလမ်းလာ တစ်ယောက်ယောက်က ဆေးလိပ်တိုပစ်သွားတယ်ထင်တယ်။ အဲဒီကနေစလောင်ပြီး လုံခြုံရေးလိုက်လှည့်လည်တဲ့အခါမှာ အမှိုက်ပုံကနေ တွဲကို မီးလောင်နေတာတွေ့တဲ့အတွက် မီးသတ်ကို အကြောင်းကြားပါတယ်။ သူတို့အကြောင်းကြားတဲ့အချိန်ကတော့ ၁၀နာရီ ၇မိနစ်ပါ။ " ဟု မန္တလေးတိုင်းဒေသကြီး ဒုတိယမီးသတ်တိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူး ဦးဌေးဝင်းက ပြောသည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၁၀နာရီ ၄မိနစ်တွင် စတင်လောင်ကျွမ်းပြီး နံနက် ၁၀နာရီ ၂၃မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level - 1အဆင့်ရှိပြီး မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ် ၂စီး၊ သံန္ဓေ ၃၀ဦး၊ အရံ ၆၈ဦးဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်