ကျိုင်းတုံ၌ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း ညမထွက်ရအမိန့်ဖောက်ဖျက်သူ(၂)ဦးအား ထောင်ဒဏ် တစ်လစီချမှတ်

 

ကျိုင်းတုံ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်သတ်မှတ် ထားရှိ ခဲ့ရာ လိုက်နာမှုမရှိ၍ စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ နံနက်ပိုင်းတွင် ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ကြောင်းသိရသည်။

 ကျိုင်းတုံမြို့နယ်အတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ သတ်မှတ်နယ်နမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ သိရှိလိုက်နာစေရေး တာဝန်ရှိသူများမှ အသိပေးကြေညာပြီးဖြစ်ရာ စက်တင်ဘာလ ၂၉ ရက် နံနက် နာရီ ၃၀မိနစ် အချိန်တွင် ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီးသန်းဉီးနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့အတူပူးပေါင်း၍ မြို့တွင်းလှည့်ကင်းဆောင်ရွက်နေစဉ် ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း ညမထွက်ရအမိန်အား လိုက်နာမှုမရှိဘဲ ဖောက်ဖျက်သူ ()ဉီးအား အမှတ်(၁)ရပ်ကွက်၊ နမ့်ချပ်ရပ်၊ တြိဂံကုန်တိုက်အနီးတွင် တွေ့ရှိခဲ့ရာ အဆိုပါပြစ်မှုကျူးလွန်သူများအား မြို့နယ်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့ကြောင်းသိရသည်။

ရဲထက်ဉီး(ပြန်/ဆက်)