ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ဓမ္မဝါဒီသီလရှင် စာသင်တိုက်သို့ သွားရောက်၍ ဆန်၊ဆီ၊ကြက်ဥများ လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်ဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ သီလရှင်(၆)ပါး တွေ့ရှိခဲ့သည့် ဓမ္မဝါဒီသီလရှင်စာသင်တိုက်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ခဲ့ရာ ကျောင်းထိုင် ပဓာနနာယက သီလရှင်ဆရာကြီးထံသို့ တယ်လီဖုန်းဖြင့် ဆယ်သွယ်လျှောက်ထားပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက ဆန်၊ဆီ၊ကြက်ဥများ လှူဒါန်းပေးခဲ့ပြီး မြို့နယ် ပရဟိတအဖွဲ့များမှ ပိုး သတ်ဆေးဖျန်းခြင်းများ စသည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)