ရန်ကင်း ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဌာနလုပ်ငန်းများကို လုံခြုံရေး သတိ၊ လုံခြုံရေးအသိဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁:၀၀ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးသတိရှိရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကတင်ပြကြရန်၊ အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ကြရန်၊ စစ်ကြောင်းများအလိုက် ဖွဲ့စည်းထားသည့် ဌာနဆိုင်ရာများသည်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် လုံခြုံရေး အသိဖြင့် သွားလာနေထိုင်လုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၏အခြေအနေနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မွန်းလွဲ ၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)