ညောင်ရွှေမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာလိုင်စင်နှင့် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ ဒုတိယအကြိမ် ထုတ်ပေး

ညောင်ရွှေ     စက်တင်ဘာ     ၂၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် အရပ်ရပ်ဆိုင်ရာလိုင်စင်နှင့် သားသတ်နှင့် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်များ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်စည် ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေတို့က အသီးသီးအမှာစကား ပြောကြားကြပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက အရပ်ရပ်ဆိုင်ရာလိုင်စင်နှင့် သားသတ်နှင့် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်လေလံတင်ထားသူများအား တစ်ဦးချင်း တွေ့ဆုံ၍ လိုင်စင် လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ