ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မိခင်နှင့်ကလေးအသင်းပိုင်သားဖွားခန်းသို့ ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်ကြီး(၄)ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းလက်အောက်ရှိ သားဖွားခန်းနှင့် မေတ္တာပန်းငုံမူကြိုကျောင်း၊ ရပ်ကွက်ကြီး(၂၁) မိုးကြိုးကွက်သစ်ရှိ မေတ္တာစမ်းရေမူလတန်းကြိုကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာအောင်မှ ကျန်းမာရေးသိကောင်းစရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သားဖွားခန်းသုံးပစ္စည်းများနှင့် မေတ္တာပန်းငုံမူကြိုကျောင်းရှိ ကလေးငယ်များအတွက် ပစ္စည်းများအသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့်အဖွဲ့မှ ဦးဆောင်၍ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့တို့မှ ရပ်ကွက်ကြီး(၂၁) မိုးကြိုးကွက်သစ်၊ မေတ္တာစမ်းရေမူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား အာဟာရဖြည့်စွက်အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)