ဂဲလောင်းချောင်းရေစီးရေလာကောင်းမွန်စေရေးနှင့်ဂေဟစနစ် အကြောင်းသိကောင်းစရာ Talk Show ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၁

ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးTalk Show  ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဟန်နီသင်းတို့က ဂဲလောင်းချောင်းရေစီးရေလာကောင်းမွန်စေရေးနှင့်ဂေဟစနစ် အကြောင်းသိကောင်းစရာ Talk Show ကျင်းပဆွေးနွေးခဲ့သည်။

ဂဲလောင်းချောင်း ရေစီးရေလာကောင်းမွန်စေရေးနှင့်ဂေဟစနစ် အကြောင်းသိကောင်းစရာ Talk Show ကျင်းပရာတွင် ဂဲလောင်းချောင်းဟူသည် ပြင်ဦးလွင်မြို့ ကန်တော်လေးရေထွက်ပေါက်မှတစ်ဆင့် မြို့ထဲရပ်ကွက်များသို့စီးဆင်းသောချောင်းဖြစ်ကြောင်း၊ မြို့ထဲရပ်ကွက်များအား ဖြတ်သန်းစီးဆင်း၍ မြို့အရှေ့မြောက်ဘက်ရှိ ပွဲကောက်ချောင်းအတွင်း စီးဝင်သွားကြောင်း၊ ဂဲလောင်းချောင်း ဘက်စုံစီမံချက်အနေဖြင့် ချောင်းရေညစ်ညမ်းမှုလျှော့နိုင်ရေး၊ ရေကြီးရေလျှံမှုလျော့ပါးစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်းချောင်းတစ်လျှောက် အမှိုက်များကင်းစင်သွားပါက ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် စနစ်တကျဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အမှိုက်များအား ချောင်းအတွင်းမစွန့်ပစ်ရန်  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းအကြံပြု ဆွေးနွေးခဲ့သည်။

ခရိုင်ပြန်/ဆက် (ပြင်ဦးလွင်)