သာစည်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုးဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သာစည် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ တရားဝင်လိုင်စင်ရရှိ၍ မှတ်ပုံတင်ထားရှိပြီး ရောင်းချနေသည့် ပုဂ္ဂလိက လက်လီ/လက်ကားဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုး ဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရိခွဲအချိန်က သွားရောက် စစ်ဆေးခဲ့ကြကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်၊ အဖွဲ့ဝင်ဦးစိုးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသွင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး စိုင်းဇေယျာမျိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်နှင့် ဝန်ထမ်းများမှ တရားဝင်လိုင်စင်ရရှိ၍ မှတ်ပုံတင်ထားရှိပြီး ရောင်းချနေသည့် သာစည်မြို့ပေါ်ရှိ အမှတ် ၅ ရပ်ကွက်နှင့် အမှတ် ၇ ရပ်ကွက်ရှိ ဆေးဆိုင်များနှင့် ဘုရားငါးဆူကျေးရွာရှိ ဆေးဆိုင်များအား သက်တမ်းတိုးဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် ဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုချက်လိုင်စင်မရှိသည့် ဆေးဝါးများ ရောင်းချနေမှုရှိ/မရှိအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)