ရသေ့တောင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

ရသေ့တောင် ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Youth Club) အဖွဲ့ဝင်များနှင့် ယနေ့နေ့လယ်ပိုင်းက စာရေးဆရာ ဦးဘဖေ ရေးသားသည့် ပြည်သူ့နီတိစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပဲ့ပါသည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ စာပေမှရသော အသိအမြင်ဗဟုသုတများကိုအသုံးချ၍ လက်တွေ့နယ်ပယ်တွင် တတ်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုပွားများလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်ရန်၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင် မဆောင်းနှင်းဝေမှ စေတနာ့ဝန်ထမ်းလုပ်ငန်းများအကြောင်းအား ဆွေးနွေးပြောကြားပြီး (Youth Club)  အဖွဲ့ဝင် မောင်ဘုန်းမြတ်ကိုကိုမှ “တိုးတက်နေသောကမ္ဘာနှင့်မြန်မာစာပိုဒ်”၊ (Youth Club) အဖွဲ့ဝင် မပြည့်ဖြိုးခိုင်မှ လူ့အခွင့်အရေးစာပိုဒ်တို့အား အချင်းချင်းဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူးမှ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်းသို့ (Youth Club) အဖွဲ့ဝင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော်