ကွမ်းလုံ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲတွင် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ တာဝန်ချထားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်မှ ယခုလုပ်ငန်းညှိနှုင်းအစည်းအဝေးသည် ကွမ်းလုံမြို့နယ်ရွေးကောက်ပွဲတွင် မဲရုံ(၆၀)ရုံ အတွက် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့်အဖွဲ့ဝင်များကို ရွေးချယ်နိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများမှ သင့်လျော်သောဝန်ထမ်းများ ရွေးချယ်စာရင်းပေးနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်ရွေးကောက်ပွဲ ကောက်မရှင်အဖွဲ့ခွဲရုံး ဦးညီနပ်ဆောင်း ဦးစီးအရာရှိ(ခေတ္တတွဲဖက်)မှ အစည်းအဝေးကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မဲရုံ(၆၀)တွင် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့်အဖွဲ့ဝင်များ တာဝန်ချပေးနိုင်ရေးအတွက် ရုံးဌာန(၁)ရုံးတွင်အနည်းဆုံး(၅)ဦးအထက်ရှိသော ဝန်ထမ်းများကို ရွေးကောက်ပွဲအတွက် စာရင်းပေးရန် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကျင်းပရေးကော်မတီမှ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)