တပ်ကုန်းမြို့၌ စားသုံးဆီ တစ်ပိဿာလျှင် ၅၇၀၀ကျပ်နှုန်းဖြင့် ပြည်သူများအား ရောင်းချပေး

တပ်ကုန်း  ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေကြီးကြပ်မှုဖြင့် ဒိုင်မွန်တံခွန်ကုမ္ပဏီမှ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာ  ဝယ်ယူနိုင်ရန်  ယနေ့နံနက်ပိုင်းက  တပ်ကုန်းမြို့ မဈေးနှင့်ညောင်လွန့်ဈေးတွင် လာရောက်ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချရာတွင် တန်းစီစနစ်ဖြင့် ဆီဘူးပါ တစ်ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်း၊ တပ်ကုန်း မြို့မဈေးတွင် ဆီပိဿာချိန်(၁၆၀၀)ပိဿာ၊ ညောင်လွန့်ဈေးတွင်  ဆီပိဿာချိန်(၈၄၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်