မင်္ဂလာဒုံမြို့နယ်ရုံး၊ Community Centre ခန်းမ၌ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ နှင့်ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

မင်္ဂလာဒုံ ဖေဖော်ဝါရီလ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ နှင့်ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ တွေ့ဆုံပွဲကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါတွေ့ဆုံပွဲတွင ်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးသီဟဘော်ဇံက စာကြည့်တိုက်တစ်တိုက်တွင် အဓိကအရေးပါဆုံးသူမှာ စာကြည့်တိုက်မှူးများဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် မိမိတို့စာကြည့်တိုက်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် စာဖတ်သူများ၏ ယုံကြည်မှုရရှိရေးဆောင်ရွက်ကြရန်၊ စာငှားသူများကိုယဉ်ကျေးဖော်ရွေစွာ ဆက်ဆံကြရန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းပြင်ပ ပညာရေးအဖြစ် စာကြည့်တိုက်များတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများသင်ကြားပေးကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍  မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မိမိတို့မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအားလုံးအနေဖြင့် မိမိတို့စာကြည့်တိုက်များတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် စာကြည့်တိုက်လုပ်ငန်းများ၏ အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ တာဝန်ခံများက မိမိတို့၏စာကြည့်တိုက်လုပ်ငန်းအ‌ခြေအ‌နေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (ပြန်/ ဆက်)