ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀၁ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆ ကျောင်းရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်၏ စာစစ်ဌာနဖြစ်သော အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲသို့ အတွဲ (၁) ဖြင့် ပညာသင်ကြားနေကြသူ ၁၄၉ ဦး၊ အတွဲ (၂) ဖြင့် ၁၆ ဦး၊ အတွဲ (၇) ဖြင့် ၂၃၆ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၀၁ ဦး ဝင်ရောက်ဖြေဆို ကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ ဆက်)