လယ်ဝေး ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၆၄) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျောင်းတွင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဘာသာရပ်အားလုံး ဖြေဆို ပြီးစီးကြောင်း သိရသည်။
အဆိုပါစာမေးပွဲများတွင် Grade(4)၊ Grade(6)၊ Grade(7)နှင့် Grade(8) ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ပထဝီဝင်၊ လူမှုရေး/သမိုင်း၊ သိပ္ပံ ဘာသာရပ်များကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုခဲ့ပြီး၊ Grade(10)၊ Grade(11) ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာသင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ ဘာသာရပ်များနှင့် ပေါင်းစပ် ဘာသာရပ်များကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ (၂၁) ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုခဲ့ကြောင်း သိရသည်။
Grade(9)စာမေးပွဲသည်တိုင်းစစ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကာ Grade(5) ခရိုင်စစ်စာမေးပွဲသည် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သတင်းရရှိသည်။
ဝေကြည်(ပြန်/ဆက်)