ထန်းတပင်မြို့နယ်​၌ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းလိုအပ်ချက်များ​ ဆောင်ရွက်သွား​ရေးဆွေး​နွေး

ထန်းတပင်(ရန်ကုန်) ​ဖေ​ဖော်ဝါရီ ၂၁


ရန်ကုန်တိုင်း​ဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းလိုအပ်ချက်များ ဆောင်ရွက်နိုင်​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူး​ပေါင်းကာကျေးရွာ​နေပြည်သူများနှင့်​ တွေ့ဆုံ​​ဆွေး​နွေးခြင်း ကျောင်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ယ​နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
တွေ့ဆုံ​ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက စစ်​ကြောင်းကြီးငါး​ကြောင်းပူး​ပေါင်းကာ​ ကျေးရွာ​နေပြည်သူများနှင့်​ တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုး​ဝေစိုးနယ်​မြေလုံခြုံ​ရေးကိစ္စရပ်များကို ရှင်းလင်း​ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦး​အေးဝင်း​က​ ကျေးရွာ​နေပြည်သူများ အ​နေဖြင့်မိမိတို့​ကျေးရွာရှိအခက်အခဲမှန်သမျှတင်ပြ​ဆွေး​နွေး​နိုင်ရေး၊  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အတွင်း​ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးက မူခင်းများမဖြစ်ပွား​​စေ​ရေးအတွက်​ ကျေးရွာ​နေပြည်သူများပူး​ပေါင်း​ဆောင်ရွက်​ရေးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးခင်​ဆွေက ဝန်ကြီးဌာနမှ​ဆောင်ရွက်​ပေး​နေသည့် လုပ်ငန်းများအ​ကြောင်း၊ အိ​မ်ထောင်စုလူဦး​ရေစာရင်းနှင့် မှတ်ပုံတင်​ဆောင်ရွက်​ပေး​နေမှု အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားသည်။
ထို့​နောက်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနမှဆောင်ရွက်​ပေး​နေသည့် လုပ်ငန်းအ​ကြောင်းအရာများကို ရှင်းလင်း​ပြောကြားခဲ့ပြီး တက်​ရောက်လာကြသည့်​ ကျေးရွာ​နေပြည်သူများကလည်း မိမိတို့​​​ကျေးရွာကျောင်းတွင်း ပရိ​ဘောဂလိုအပ်ချက်များ၊ လျှပ်စစ်မီးကိစ္စရပ်များ၊ ​ကျေးရွာလမ်းရရှိ​ရေး၊ စိုက်ပျိုး​ရေးလုပ်ငန်းများနှင့်ပတ်သက်၍​ မေးမြန်းကြရာမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး
နှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်း​ပြောကြားသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)