တာချီလိတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က On line အသိပညာပေး Talk Show အစီအစဉ်အား နွေရာသီကျောင်းပိတ်ရက် လူငယ်/လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က လူငယ်နှင့်အားကစား ဆက်စပ်ပုံ၊ နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအတွက် အခြေခံအားကစားနည်းသင်တန်းများ ဖွင့်လှစ် မည့်အကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်ကြားပေးမည့် အားကစားနည်းအမျိုးအစား (၇) မျိုးနှင့် အားကစား စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့် မြို့မအားကစားကွင်းနှင့် ခရိုင်အားကစားခန်းမ၌ လာရောက် ဆက်သွယ်လေ့ကျင့်သင်ယူနိုင်ကြောင်း၊ အခြေခံအားကစားနည်းသင်တန်းကို မတ်လ ၃ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့ အထိ ရက်(၂၀)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အကျယ်တဝံ့ ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အေးအေးလတ်