နောင်ချို ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ဖေဖော်ဝါရီလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ၂၄ ရက်နေ့အထိ နံနက် ၈နာရီမှ မွန်းလွဲ ၂နာရီအတွင်း ဘဏ်ဖွင့်ရက်များ တွင်သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက မတ်လ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် နောင်ချိုမြို့နယ်တွင် အငြိမ်းစားပင်စင် လစာငွေ ထုတ်ယူသူ(၁၅၀၀) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)