ကျောက်တန်း ဖေဖော်ဝါရီ ၂၁
ကျောက်တန်းမြို့နယ်၊ အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ ရေလယ်ဘုရား ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်၊၊
ရှေးဦးစွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေမှ ကျောက်တန်းမြို့နယ်တွင် အမှိုက်များကို ရေပြင်သို့စွန့်ပစ်ခြင်းအား မပြုလုပ်ရန် အခုလိုအသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ် ရခြင်းဖြစ်ပါကြောင်း၊ အမှိုက်များရေပြင်သို့စွန့်ပစ်ခြင်းမပြုပဲ စနစ်တကျအမှိုက်များကို စွန့်ပစ်စေလိုပါကြောင်း ကျောက်တန်းမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ရှေးဟောင်းသမိုင်းဝင်ရေလယ် စေတီတော်မြတ်ကြီးတည်ရှိရာ မှော်ဝန်းချောင်းတစ်ခုဖြစ်တဲ့အတွက်လည်း အားလုံးက ပူးပေါင်းပြီး အတတ်နိုင်ဆုံး သန့်ရှင်းအောင်ဆောင်ရွက်စေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်၊၊
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အမှိုက်များစွန့်ပစ်ရာတွင် ရေပြင်သို့အလွယ်တကူ စွန်ပစ်ခြင်းမပြုပဲ အမှိုက်များစုစည်းပြီး စနစ်တကျ အမှိုက်သိမ်းကားထံသို့ စွန့်ပစ်စေခြင်ပါကြောင်း၊ ယခုအချိန်အခါသည် ဘုရားဖူးများ လာရောက်ဖူးမျှော်သည့် အချိန်အခါ ဖြစ်ပြီး ဘုရားစျေးတန်းတွင် ရောင်းချသည့် စျေးသည်များအနေဖြင့် ပလတ်စတစ်အိတ်များ အမှိုက်များကိုမှော်ဝန်းချောင်းထဲသို့ အလွယ်တကူ မပစ်စေလိုပါကြောင်း၊ ပလတ်စတစ်အိတ်များသည် ထုပ်ပိုးသုံးစွဲရန် လွယ်ကူသော်လည်း ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်စေပါကြောင်း၊ ရေပြင်သို့စွန့်ပစ်ခြင်းကြောင့်လဲ ရေထဲရှိသတ္တဝါများကိုလည်း ထိခိုက်စေပါကြောင်း၊ အတတ်နိုင်ဆုံး ရေပြင်သို့အမှိုက်များကို မစွန့်ပစ်စေခြင်ပါကြောင်းစသည်တို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်၊၊
မြို့နယ်ပြန်/ဆက်