ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ Quarantine Center ထားရှိရေး ညှိနှိုင်းဆွေးနွေး

ဒဂုံ       စက်တင်ဘာ     ၂၉

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌   ကိုဗစ်-၁၉  ရောဂါ Positive   လူနာများနှင့်    ထိတွေ့မှုရှိခဲ့သူများ  ရောက်ရှိလာပါက   အနီးကပ်  စောင့်ကြပ်ကြည့်ရှုနိုင်ရန် Quarantine Center ထပ်မံဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသည့်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကိုအချိန်မီ တားဆီးကာကွယ်နိုင်ရန် အတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အနီးကပ်စောင့်ကြပ်ကြည့်ရှုရမည့် လူနာ နေထိုင်ရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးအဆင်ပြေစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌဦးအီနွယ်လှိုင်ပူနှင့်ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ညှိနှိုင်း ဆောင်ရွက်ကြကြောင်း သိရသည်။

 ဇာဖြူဝင်း(ပြန်/ဆက်)