တနိုင်း ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ယနေ့ နံနက် (၉) နာရီအချိန်တွင် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ပေးရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ပြုံးချိုနှင့် အဖွဲ့က ပုံမှန်ကာကွယ်ဆေး များဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ (B)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျန်ပန်ဦးနှောက်ရောင်ရောဂါ (၁၁) မျိုးနှင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းအိ(ပြန်/ဆက်)