ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာကျောင်း(၇၀) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းတွင်းစစ်စာမေးပွဲများကို ယနေ့နံနက်ပိုင်းက ဖြေဆိုပြီးစီးခဲ့သည်။
အဆိုပါ စာမေးပွဲများတွင် Grade(4) ၊ Grade(6)၊ Grade(7) နှင့် Grade(8)မှကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ ပထဝီဝင်၊ လူမှုရေး/ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြေဆိုခဲ့ပြီး Grade(10)နှင့် Grade(11)မှ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံဘာသာရပ်များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၁ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)