လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

လယ်ဝေး ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့တွင်စတင်ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ပင်စင်ထုတ်ပေးရာတွင်လယ်ဝေးမြို့နယ် အတွင်းရှိရပ်ကွက်ကျေးရွာများမှ အငြိမ်းစားဝန်ထမ်း များ လာရောက်ထုတ်ယူလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာမှကြီးကြပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)