ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သွားလာရန်ခက်ခဲပြီး လျှပ်စစ်မီးမရရှိသည့် စာသင်ကျောင်းများအား ဆိုလာနှင့်လျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဆီဆိုင် ဖေဖော်ဝါရီ ၂၁

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သွားလာရန်ခက်ခဲပြီး လျှပ်စစ်မီးမရရှိသည့် စာသင်ကျောင်းများအား ဆိုလာနှင့် လျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စုရှိ ထီသလီးကျေးရွာ၊ တနိုင်းမွန်းကျေးရွာ၊ ထီဒေးကျေးရွာ၊ ဝမ့်တီးကျေးရွာ၊ ပန်ဟိန်းကျေးရွာ၊ တောင်ရှေ့ကျေးရွာအုပ်စုရှိ စိန်ဖြီးနားကျေးရွာ၊ ပန်သခွားကျေးရွာ၊ ဒုံလိတန်ကျေးရွာ၊ ခိုရိုင်းကျေးရွာ၊ လွယ်ပွတ်ကျေးရွာအုပ်စုရှိ ထီလုံးဟီကျေးရွာ၊ ထီထိုက်ထိုးကျေးရွာ၊ ချောင်းငိုင်းကျေးရွာ၊ တူးကျန့်ကျေးရွာ၊ နားသံကျေးရွာအုပ်စုရှိ နောင်လွယ်ကျေးရွာ၊ တဘက်ကျေးရွာအုပ်စုရှိ နောင်ပါရင်ကျေးရွာ စသည့်‌ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းနှင့် မူလတန်း(လွန်)ကျောင်း(၁၅)ကျောင်းတို့အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးအောင်ဇေယျ၊  ဦးခွန်အောင်ကျော်မြင့်၊ ဦးဇင်ဘိုဘိုအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျော်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာ/ ဆရာမ များနှင့် ကျောင်းကော်မတီဝင်များထံ ဆိုလာနှင့်လျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။      

မျိုးမြတ်(ဆီဆိုင်)