ဘူးသီးတောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ဘူးသီးတောင် ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအတွက် ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ နံနက်(၇)နာရီမှ မွန်းလွဲ(၃)နာရီထိ ဘဏ်ဖွင့်ရက်များ တွင်ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက မတ်လ ဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေထုတ်ယူသူ ဦးရေ(၁၃၀၅)ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့်(ကိုယ်စား) ထုတ်ယူနိုင်ကြောင်း ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။

လှကျော်(ပြန်/ဆက်)