မြောက်ဦး ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အောင်တပ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေး ဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ရပ်ကွက်များသို့ ရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်းတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍မီး သတ်တပ်ဖွဲ့ဝင် များ နှင့်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ် ရေး၊မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မီးကို စနစ်တကျ အသုံးပြုတတ်စေရေး၊ မိမိတို့၏ နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးယို ယွင်းနေပါကအသစ်လဲလှယ်၍ ပြန်လည်တတ်ဆင်အသုံးပြုကြရန်နှင့် လျှပ်စစ်ဝါယာကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအား စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေးများဖြင့် ထမင်းဟင်းချက်ပြုတ်ပြီးတိုင်း မီးကြွင်းမီးကျန်များအား စနစ်တကျ ငြိမ်းသတ် ထားရှိပြီးနေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ ရေပုံးများ အသင့်ထားရှိရန် နှင့် ရုတ်တရက် မီးလောင်မှု/မီးလန့်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်ကြောင်း စသည့် အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)