မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

မဘိမ်း ဖေဖော်ဝါရီ ၂၁                  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်း စားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ထုတ်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းပင်စင်စား ၂၉၄ ဦးရှိပြီး၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများ အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့မှ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မဘိမ်းမြို့နယ် မြန်မာ့စီးပွား ရေးဘဏ်၊ မြို့နယ်မန်နေဂျာထံမှ သိရသည်။

မျိုးမင်း (မဘိမ်း)