ပျော်ဘွယ် ဖေဖော်ဝါရီ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး Photoshop အသုံးပြုနည်းသင်တန်းကို ယနေ့နံနက်(၉)နာရီခွဲမှစတင်ကာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရုံးလုပ်ငန်းများတွင် ကွန်ပျူတာဖြင့်လုပ်ငန်းများ ဆောင်ရွက်နေရခြင်း ဖြစ်သော ကြောင့် သတင်းမှတ်တမ်းပုံ၊ ရုံးလုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံအသုံးပြုနည်းများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ သင်တန်းနည်းပြဖြစ်သူပညာရှင်တစ်ဦးက Photoshop အသုံးပြု၍ ဓာတ်ပုံထည့်သွင်း နည်းများ၊ ပုံစာရေးသွင်းနည်းများ၊ အရောင်ချိန်နည်းများ၊ မတူညီသည့်ဓာတ်ပုံများကို ရောစပ်အသုံးပြုနည်းများ၊ အင်တာနက်မှတစ်ဆင့် မိမိလိုချင်သည့် ဓာတ်ပုံများကို ရှာဖွေနည်းများ၊ မှတ်တမ်းပုံများကို CD/DVD သို့ထည့်သွင်းနည်းများ စသည် တို့ကို (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)