နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းလုပ်ငန်းဆောင်ရွက်

နမ့်ဆန် ဖေဖော်ဝါရီလ ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်နှုန်းတိုးတက်စေရန်အတွက် စာပေကိုချစ်မြတ်နိုးသောကလေးသူငယ်များ စာအုပ်စာပေ အလွယ်တကူဖတ်ရှုနိုင်စေရန်အတွက် နမ္မဝေါရပ်ကွက် တရုတ်ကျောင်းကျူရှင်တက်ရောက်နေသော ကလေးငယ်များသို့သွား ရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

နယ်လှည့်စာအုပ်ငှားရမ်းခြင်းသည် ရုံးလုပ်ငန်းတာဝန်များဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သော ဝန်ထမ်းများ၊ အလုပ်မအားလပ်သည့် မိဘပြည်သူများနှင့်ကလေးငယ်များကို အပတ်စဉ်ငှားရမ်းပေးပြီး ငှားရမ်းထားသော စာအုပ်များသိမ်းယူခြင်း စာအုပ်အသစ်များကိုပြန်လည် ငှားရမ်းပေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပါသည်။

နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးရာတွင် စာပေချစ်သူ စာဖတ်ပရိသတ်အကြိုက်တွေ့စေမည့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများနှင့်မြို့ ပေါ်ရပ်ကွက်များသို့ နယ်လှည့်စာအုပ်ငှားရမ်းခြင်းများကို အပတ်တိုင်း ငှားရမ်းပေးလျက်ရှိရာ စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေချစ်မြတ်နိုးသူ ပြည်သူများကိုလည်း သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးလျက် ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)