မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ် ပုံမှန်ထုတ်ပေး

မြစ်သား ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊  မြစ်သားမြို့နယ်   မြန်မာ့စီးပွားရေးဘဏ်တွင် ဖေဖော်ဝါရီလအတွက်  ပင်စင်လစာငွေများကို  ယနေ့နံနက်(  ၅  )နာရီမှစတင်၍  ဘဏ်ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကာ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားတစ်မြို့နယ်လုံးတွင်  ပင်စင်စားဦးရေ (၂၄၀၀ကျော်ရှိပြီး တစ်ရက်လျှင် ပင်စင်စားဦး‌ရေ (၇၅၀)ဦးခန့် တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ကျန်ရက်များတွင်လည်း နံနက်( ၉ )နာရီမှ ဘဘဏ်ဖွင့်ချိန်အတွင်း  အငြိမ်းစားပင်စင်စားများအနေဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာငွေများအား မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၄င်းတို့ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။

ရဲနိုင်ဦး(မြစ်သား)