ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဝမ်းတွင်း ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ စက်ရုံ/အလုပ်ရုံများတွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက မီးဘေးကြိုတင်ကာကွယ်ရေး စက်ရုံ/အလုပ်ရုံများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ စခန်းတာဝန်ခံအရာရှိများ၊ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)