ကျောက်ဆည် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ အောင်မြင်စွာ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများစတင်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရေများပေးဝေရာတွင် ဇော်ဂျီဆည်မှ မင်းရဲရေပေးဝေးရေးမြောင်းတွင် စိုက်ပျိုးသွားမည့် နွေစပါး(၁၀၀)ဧက၊ နွေနှမ်း(၂၄၀၈)ဧက၊ မိုးကြိုပဲတီစိမ်း(၁၂၃)ဧက၊ သင်းတွဲရေပေးဝေရေးမြောင်းမှ နွေစပါး(၂၅၀)ဧက၊ နွေနှမ်း(၃၈၄၂)ဧက၊ မိုးကြိုပဲတီစိမ်း(၂၆၁၅)ဧက၊ မိုးကြိုဝါ(၅၀)ဧက၊ ငပြောင်ရေပေးဝေးရေးမြောင်းမှ နွေနှမ်း(၂၆၃၅)ဧက၊ မိုးကြိုပဲတီစိမ်း(၄၆၅)၊ ဇီးတောရေပေးဝေရေးမြောင်းမှ နွေနှမ်း(၄၂၀)ဧက၊ မိုကြိုပဲတီစိမ်း(၁၀၀)ဧက၊ နွားတက်ရေပေးဝေရေးမြောင်းမှ (၁၁၇၅၄)ဧက၊ မိုးကြိုပဲတီစိမ်း(၃၁၄)ဧက၊ တမုတ်ရေပေးဝေရေးမြောင်းမှ နွေနှမ်း(၆၅၀)ဧက၊ အထက်လင်းဇင်းမြောင်းမှ နွေနှမ်း(၆၅၀)ဧကနှင့် ကင်းတားဆည်မှ သင်းဒီးရေပေးဝေရေးမြောင်းတွင် စိုက်ပျိုးသွားမည့် နွေနှမ်း(၄၅၅၉)ဧက၊ စမာမြောင်းမှ နွေနှမ်း(၂၅၀၀)ဧက၊ မိုးကြိုပဲတီစိမ်း(၅၀၀)ဧက စုစုပေါင်း သီးနှံမျိုးစုံ(၄၁၁၇၃)ဧကအတွက် စိုက်ပျိုးရေများစတင်ပေးဝေခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးသီနှံများစတင်စိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများမှစ၍ သီးနှံများအောင်မြင်သည်အထိ ရေများပေးဝေနိုင်ရေး ရေပေးဝေရေးမြောင်းများအား အလှည့်ကျစနစ်ဖြင့် ရေများပေးဝေသွားမည်ဖြစ်ကြောင်းနှင့် ရေများလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး မြောင်းများအလိုက် ရေပေဝေရေးအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်