ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မောင်တော ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။

အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ ဌာနစိတ်မှူး ဦးစံဌေးမောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ်များ၏ရပိုင်ခွင့်များ၊ ကလေးသူငယ်မှုခင်းများ၊ ကလေးကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများ စသည့်တို့ကို အသိပညာပေး၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်